menu

Wednesday, December 12, 2012

Close All Windows by One Click






ကျွန်တော်တို့ အခုနောက်ပိုင်း iOS နဲ့ Android tablet တွေ ၊ ဖုန်းတွေ ခေတ်စားလာပေမယ့်လည်း ကွန်ပျူတာတစ်လုံးရဲ့ အရေးပါမှု၊ အသုံးဝင်မှုကတော့ ဘယ်လိုမှကို လစ်လျူရှုလို့မရအောင် ရှေ့ဆုံးကနေရှိနေတုန်းပါပဲ။ ကျွန်တော်လည်း နေ့စဉ် ကွန်ပျူတာတစ်လုံးကို အတိုင်းအတာတစ်ခုအထိ သုံးနေရပါတယ်။ မနက်မိုးလင်းတည်းက ကွန်ပျူတာကိုဖွင့်ထား၊ ညနေရောက်လို့ ပိတ်လည်းပိတ်ရော တစ်နေ့လုံးကိုယ်သုံးထားတဲ့ windows,applications တွေများနေတော့ တစ်ခုချင်းလည်းလိုက်မပိတ်ချင်တော့ပါဘူး။ အဲဒီတော့ shutdown လည်းချရော force shutdown လုပ်မလားဆိုပြီး အမေးခံရတော့တာပေါ့။ ကိုယ်က force shutdown လုပ်လိုက်တယ်ဆိုရင်တောင် တခါတလေ မပိတ်ပဲ အချိန်တော်တော်ကြာအောင် shutdown မကျဖြစ်နေပါတော့တယ်။


ကဲ...အဲဒါလေးကို ဖြေရှင်းဖို့ အောက်ကဟာကို download လုပ်လိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ zip file ကို Extract လုပ်ပြီး c:\program files ထဲကို ကူးထည့်လိုက်ပါ။ ပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်လုပ်လိုက်နော်။ ပြောရင်ရှည်မှာစိုးလို့။ ကိုယ်လိုအပ်တဲ့အချိန် CloseAll ကိုတစ်ချက်နှိပ်လိုက်တာနဲ့ အားလုံးအဆင်ပြေပြီပေါ့။








download link ကဒီမှာနော်။




အားလုံးအဆင်ပြေကြပါစေ။
ကျွန်တော်ပီတီတစ်ခုပဲပါတယ်။
မြန်အောင်သားဖြိုးကြီး

No comments: