menu

Sunday, July 15, 2012

online ပေါ်က ကဗျာလေးတစ်ပုဒ်ပါ

လူတစ်ယောက်ရဲ့ ခံစားချက်လည်းဖြစ်ရင်ဖြစ်မယ်....
နှလုံးသွေးလည်း ဖြစ်ကောင်းဖြစ်မယ်.....
ကဗျာလေးကို နှစ်သက်လို့ ကိုမင်းနေရဲ့ site လေးကနေ ပြန်လည် ကူးယူလိုက်တာပါ...
ကိုမင်းနေ ကျေနပ်မယ်ထင်ပါတယ်....

ချစ်ရပါသော ၀ါဆို

ချစ်သောဝါဆို
.. ဟိုအရင်လို မိုးညိုတိုင်း
... ရင်ခွင်ရိုင်းနဲ့မိတ်ဆက်
.... အမေ့ခက်တဲ့အတိတ်တွေက
..... ဒီမျက်နှာပြင် နှလုံးသားဆီမှာ
...... တိုးတိတ်စွာ စီးဆင်းစဲ

ယနေ့ထိချစ်မြဲ
သွေးထိစီးဆင်းခဲ့လို့
မင်းမျက်နှာမြင် ကမ္ဘာကပင် ပိုလှခဲ့သလို

မိုးရွာရင်
.. ၀ါဆိုဦးက နွယ်ခက်လို ရစ်ပတ်ချည်
... ထိ သိ သတိ မကပ်
.... အဆင်း အသံ အနံ့ မှာ ပျော်ဝင်
..... ငရဲမှာ လူဖြစ်ရင်တောင် ငါ ... ပျော်မည်ထင်ရဲ့ .......

Saturday, July 7, 2012

စာသားလေးကြိုက်လို့ပါ

ကျွန်တော် တစ်နေ့က အင်တာနက် သုံးရင်းအမတစ်ယောက်တင်ထားတဲ့ စာသားလေးကို သဘောကျမိလို့ပါ.....


""နာကျင်မှုတွေ များလာရင် နာကျည်းမှု ဆိုတာ ဖြစ်လာနိုင်သလို ခွင့်လွှတ်ရတာတွေ များလာရင် ဥပေက္ခာ ပြုမိသွားတတ်တယ်""

Sunday, July 1, 2012

ကဗျာ မရေးဖြစ်တာကြာပြီ....

ကျွန်တော်ကဗျာ တွေ ရေးကြည့်မိတယ်....
အဆင်မပြေဘူး....
ခံစားချက်တွေ ပျောက်သွားသလိုနဲ့
တကယ်တော့ ခဲသားတွေပဲ ထောက်ခနဲ ကျိုးကုန်တာ...
ရင်ဘတ်ထဲမှာ ရှိတယ်.
ဒါပေမယ့် မြိုသိပ်ပါများရင်း အ သွားတဲ့လူတစ်ယောက်လို
ထားလိုက်ပါတော....



ကဗျာ...(ခေါင်းစဉ်မဟုတ်ပါ)

ငါပြန်ဦးမယ်....
လက်ရှိဆိုတာ ထားခဲ့တယ်....
အိပ်မက်ဆိုတာ
ကန်ရေပြင် ရေပွက်ခနခနထရင် မကောင်းဘူး....
ငါဆိုတာ ငါပဲသိတယ်.
လျှို့ဝှက်ချက်ဆိုတာ မြိုချ
တကယ်တော့....အစစ်အမှန်တွေရချင်ခဲ့တာ..
ငါ....
မှားတယ်....
မော်ဒန်ကဗျာ တစ်ပုဒ်လို
ရေးချင်တာရေး..
ခံစားချက်က ငါ့ရင်ဘတ်မှာ.....

                          မေနိုင်း

ကဗျာ

နှင်းပွင့်မစဲ
မသဲကွဲခင်
နေကြာတစ်ပွင့်
နေလာလင့်ကို
စောင့်စားရင်းမျှော်
ပေါ်လာနိုးနိုး
ငါ့အဖြစ်မျိုးပဲ
နင်လည်းသိမှာပါ......
                                                ကျောင်းလမ်းဆရာကြိုင်
                                                2003 ခုနှစ် ဟင်္သာတ တစ်နေရာ အလွမ်းပြေ